+1 5035059659
English flag
English
Select a Language
English flag
English
Burmese flag
Burmese
0
Mandalay Skills Space Forum A Journey From Google Web Publisher To Adops

Users 1K က ကိုယ့် Website ကိုလာကြည့်ရင် Google ကဘယ်လောက်ပေးလဲ

Htet Rkar Lwin
Htet Rkar Lwin
12 Sep 2025 10:17
0 Posts
0 Active Members
Users 1K က ကိုယ့် Website ကိုလာကြည့်ရင် Google ကဘယ်လောက်ပေးလဲ
Htet Rkar Lwin

Htet Rkar Lwin

Posts: 1
Member Since: 4 Sep 2025

ဒီမေးခွန်းကတော့ လူတိုင်းသိချင်နေကြတဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်.... ဒီမေးခွန်းကို မဖြေခင် အရင်ဆုံး ကိုယ့်ရဲ့ Website ကို ဘယ်လိုပြင်ဆင်ထားလဲ ..... ဘယ်နိုင်ငံကလူတွေက ကိုယ့် Website ကိုလာကြည့်တာအများဆုံးလဲ .... ကိုယ့် Website ထဲမှာ လူတွေက ဘယ်လောက်ကြာကြာနေသွားလဲ ( Page Views ဘယ်လောက်ကိုကလစ်သွားလဲ ) နဲ့ ကိုယ့် Website က Google က Index လုပ်နိုင်လား Website Bacllinks Profile ကရော ကောင်းရဲ့လား ..... ဒါတွေပေါ်မူတည်ပြီးတော့ Google ဟာ 1000 Ad Impressions မှာ eCPM တခုကိုသတ်မှတ်ပြီးတော့ Publisher ကို Revenue ပေးပါတယ်...


ဒီတော့ သာမာန် Asis Country တွေက လာကြည့်တဲ့ လူတွေဘဲရှိတယ် Beginner တယောက်ရဲ့ Website ကို ဘယ်လောက်ရလဲ တွက်ကြည့်ကြမယ်ပေါ့ ... ကျနော်ပြောထားတဲ့ အချက်အလက်တွေအကုန်ပြည့်စုံမယ် ဘဲထားပါတော့ 

အဲ့ဒီလိုဆိုရင် Google ဟာ Asia Countries တွေအတွက် eCPM ကို 0.35$ ဝန်းကျင်ပေးပါတယ်.... အဲ့တော့ Ad Placements ကို Display Banner ads လို့ခေါ်တဲ့ Square Ad လေးတွေ ကျနော်တို့ Website တခုမှာ 3 နေရာလောက်ထည့်ထားတယ်ပေါ့.... အဲ့ဒီသုံးနေရာလောက်က Ad တွေကို Users 1000 ဟာ အကုန်ကြည့်သွားတယ်ဆိုရင် Ad impressions 3000 ရပါတယ်...ပြီးတော့ Users 1000 လုံးဟာ Interestitial Ads လို့ခေါ်တဲ့ Page တခုနဲ့ တခုကူးတဲ့အချိန်ပေါ်တဲ့ Ad Placments ကိုလည်းမြင်ပါမယ်...အဲ့ဒီတော့ Ad Impressions 1000 ထပ်ရပါမယ်.... ပြီးရင် Anchor Ads လို့ခေါ်တဲ့ အပေါ်ဘားကနေဘဲဖြစ်ဖြစ် အောက် Bottom ကနေဘဲဖြစ်ဖြစ် Auto တက်လာတဲ့ Ad Placemnets ကနေလည်း 1000 Ad Impressions ထပ်ရပါမယ်... ဒီတော့ အားလုံးပေါင်း 5000 Ad Impressions ရပါမယ်... 


အဲ့ဒီ 5000 Ad Impressions မှာ Ad Type ဟာ သုံးမျိုးရှိပါတယ်....  


  • 1. 3000 Ad Impressions ( Display Banner ) eCPM 0.35$
  • 2. 1000 Ad Impressions ( Interstitial Ad ) eCPM 3.5 to 4.56 $ for Asia Countries ( not include US,UK,CA )
  • 3. 1000 Ad Impressions ( Anchor Ad ) eCPM 0.35$ 


ဒီတော့ ကျနော်တို့ https://cpmcalculators.com/calculators/ecpm-calculator ဒီ Website လေးကို သုံးပြီးတော ဘယ်လောက်ရလဲ ကိုတွက်ကြည့် ကျမယ်ပေါ့ဗျာ.....


1. Impressions 3000 - eCPM 0.35$ = Revenue 1.05$

2. 1000 Interstitial Ad Impressions - eCPM 4.56$ = 4.56$

3. 1000 Anchor Ad Impressions - eCPM 0.35$ = 0.35$


Total Ad Impressions 5000 မှ​ာ ကျနော်တို့ 5.96$ ရပါတယ်  ဒီတော့ ကျနော်တို့ Website eCPM ဘယ်လောက်ရလဲဆိုတာ အပေါ်ကပေးထားတဲ့ Website မှာ Convert လုပ်ကြည့်တဲ့အခါမှာ eCPM 1.19$ ရပါတယ်... ဒါဟာကောင်းမွန်းတဲ့ Asia Vistors ဘဲရှိတဲ့ Website တွေရဲ့ ပျမ်းမျှ တွက်ချက်မှုပါ အားလုံးရဲ့ အခြေနေတွေပေါ်မူတည်သလို Website ထဲရဲ့ Ad တွေပေါ်ကို Visitors တွေက Clicks သွားရင်လည်း ဒီထက်ပိုပါတယ်....


ဒီတွက်ချက်မှုက ကျနော်က Ad တွေကိုအကုန်မြင်တယ်ဆိုတဲ့ နှုန်းနဲ့ တွက်ချက်ပြသွားတာဘဲဖြစ်ပါတယ်......


ဒီလို နှုန်းကိုရောက်ဖို့အတွက် ကျနော်တို့ဟာ Website တခုကို Speed မြန်အောင်..... လူစိတ်ဝင်စားပြီး ကြာကြာနေမယ့် Contents တွေကို ဖန်တီးဖို့လိုပါတယ်.... နောက်ပြီးတော့ ကျနော်တို့ Ad Placements တွေကို နေရာသေချာချထားဖို့လိုပါတယ်....


Google Analytics ကိုလည်း ကောင်းကောင်းသုံးတတ်ဖို့လိုသလို အဲ့ဒီမှာ လည်း ကိုယ့်ရဲ့ Website ကို လာကြည့်တဲ့လူတွေဟာ ဘယ်ပေခ့်တွေကိုကြည့်သွားလဲ ဆိုတာလေ့လာဆန်းစစ်ဖို့လိုပါမယ်.... Active Users ကို ကြည့်ပြီးတော့ Feel တက်နေလို့ မရပါဘူး.... အဲ့ဒီ Active Users ဟာ Web က Ad ကိုမမြင်ဘဲ လည်းပြပါတယ်..  Web လင့်ထဲကို ဖတ်ခနဲ့ကြည့်ပီး ပြန်ထွက်သွားလည်းပြပါတယ်... ဒီတော့ အဲ့တာအရမ်းအရေးကြီးပါတယ်... အဲ့တာ ကြည့်ပီးတော့ Feel တက်နေရင်တော့ ကျနော်တို့ တွက်ပြထားတဲ့ နှုန်းထားတွေကိုမရောက်လာနိုင်ပါဘူး.....


ဒီတော့ နောက်ဆုံး ပြောရရင်တော့ 1K Visitors လာရင် $4 to $5 ပေးပါတယ်... ဒါဟာ Asia Countries အနေနဲ့တွက်ပြထားတာဘဲဖြစ်ပါတယ်... US,UK,CA တို့ဆို ဒီထက်ပိုသွားနိင်ပါသေးတယ်....

12 Sep 2025 | 10:17
0 Likes

Log In to Reply

Please log in to respond to this topic.

Login